ဝက်အူမကြီးရခိုင်သုပ်
    Author: မိုးညိုသား Genre: »
    Rating
    ငရုတ်သီးစိမ်း
    ကြက်သွန်ဖြူ
    ငပိစိမ်းဆား
    သံပုရာသီး
    နံနံပင်
    ဆား၊အချိုမှုန့် တို့ပဲဖြစ်ပါတယ်။
    ပြုလုပ်နည်း
    ပထမဦးစွာ ၀က်အူမကြီးအားနူးအောင်ပြုတ်ရန်လိုအပ်ပါသည်။ ၀က်အူမကြီးပြုတ်ထားချိန်တွင် ငပိစိမ်းဆားအားအနည်းငယ်မီးကင်ရပါမည်၊ ပြီးပါက ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူနှင့် ကင်ထားပြီးသား ငပိတို့အားရောပြီး ထောင်းပါ။  ၀က်အူမကြီးနူးပြီဆိုပါက ပန်းကန်ထဲထည့်ပြီး အသင့်ထောင်းထားသော ငရုတ်သီးများ၊ ဆား အချိုမှုန့် သင့်တော်ရုံထည့်ကာ သံပုရာသီးညှစ်၊ နံနံပင်အုပ်ပြီး အသင့်စားသုံးနိုင်ပါပြီ။ အရမ်းကိုလွယ်ကူရိုးရှင်းသောအသုပ်လေးဖြစ်ပါတယ်။။
    မှတ်ချက် = အိမ်ရှင်မရဲ့ ဟင်းလက်ရာ မှကူးယူဖော်ပြပါသည်
    Leave a Reply
    Blogger templates
    Blogger news
    အဝေးရောက်သံစဉ် သီချင်များတောင်းဆိုရန်
    Blogroll
    မိုးညိုသား မှ လာရောက်လည်ပတ်သူအပေါင်းအား အထူးပဲကျေးဇူးတင်ရှိပါတယ် ခင်ဗျာ... အမှားအယွင်းတစ်စုံတရာ ရှိခဲ့ပါက နားလည်ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်ရင်း...ကိုယ်စိတ်နှစ်ပါးစလုံး ကျန်းမာ ချမ်းသာနိုင်ကြပါစေလို့ မိုးညိုသား မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ခင်ဗျာ